ဇွန်လအတွင်း မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပသွားမယ့် အမျိုးသမီးအာရှဖလားခြေစစ်ပွဲအတွက်မြန်မာ့လက်ရွေးစင်အမျိုးသမီးဟာ လေ့ကျင့်ရေးအစီအစဉ်တွေ ပြုလုပ်နေပြီဖြစ်ကြောင်း သိရှိရပါတယ်။ဂျပန်နည်းပြချုပ် ယူကီတက်ဆူယို ဦးဆောင်နေတဲ့ မြန်မာအမျိုးသမီးဘောလုံးအသင်းဟာ ပြည်တွင်းလိဂ်မှ ကစားသမားများဖြင့် ဖွဲ့စည်းလေ့ကျင့်နေပြီးပြည်ပရောက်မြန်မာ ကစားသမားများကတော့ မကြာမီရက်ပိုင်းအတွင်း လာရောက်ပူးပေါင်းသွားမှာ ဖြစ်ကြောင်းလဲ သိရှိရပါတယ် ။



