back

ပြည်တွင်းမှာ ငလျင်ကြောင့်ထိခိုက်သော ရှေးဟောင်းအဆောက်အအုံများကို UNESCO သတ်မှတ်ချက်နှင့်အညီ ထိန်းသိမ်း ပြုပြင်ရန် စီစဉ်

May 11 • 3:02 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်တွင်းမှာ ငလျင်ကြောင့်ထိခိုက်သော ရှေးဟောင်းအဆောက်အအုံများကို UNESCO သတ်မှတ်ချက်နှင့်အညီ ထိန်းသိမ်း ပြုပြင်ရန် စီစဉ်

အင်အားပြင်းငလျင်ကြောင့် ထိခိုက်ခဲ့သော ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် အဆောက်အအုံများကို ထိန်းသိမ်းဆောင်ရွက်မှု များကို UNESCO Guide Line နှင့်အညီဆောင်ရွက်ရန်အတွက်...

အင်အားပြင်းငလျင်ကြောင့် ထိခိုက်ခဲ့သော ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် အဆောက်အအုံများကို ထိန်းသိမ်းဆောင်ရွက်မှု များကို UNESCO Guide Line နှင့်အညီဆောင်ရွက်ရန်အတွက် လတ်တလောတွင် အဖွဲ့ (၈)ဖွဲ့ ဖွဲ့စည်း၍ Assessment များ ကောက်ယူနေလျက်ရှိကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက် ဦးစီးဌာနမှ သိရသည်။အဆိုပါငလျင်ကြောင့် မန္တလေး၊ အင်းဝ၊ ပင်းယ၊ ပလိပ်၊ မက္ခရာ၊ စစ်ကိုင်း စသည့်ဒေသများရှိ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာ အဆောက်အအုံများထိခိုက်ပျက်စီးခဲ့ပြီး ပြုပြင်ထိန်းသိမ်းမှုအစီအစဉ်များကို UNESCO Guide Line နှင့်အညီ ဆောင်ရွက်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။



news-view-count-icon

16