ထားဝယ်မြို့ရှိ ရွှေတောင်စားစေတီ ၊ လောကမာရဇိန်ဘုရားကြီး ၊ အောင်စည်ပင်ဘုရားတို့တွင် ယနေ့ မေလ ၁၁ ရက် (ကဆုန်လပြည့်နေ့) ညနေပိုင်းတွင် ဘုရားဖူးလာသူများဖြင့် စည်ကားနေသည်။ယင်းအပြင် မြို့ပေါ်ရပ်ကွက်အချို့တွင် ဗုဒ္ဓရုပ်ပွားတော်များကို ရေပန်းအလှဆင်၍ ရပ်ကွက်အလိုက် မြို့ပတ်လှည့်လည်ပူဇော်ခံနေသည်ကိုလည်းတွေ့ရသည်။ထားဝယ်ဘုရားကြီးဝင်းအတွင်းရှိ မဟာဓမ္မာရုံတွင် ညတရားပွဲသုံးည ကျင်းပနေသည်။



