ရန်ကုန်မြို့ ၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်ရိပ်သာလမ်းနှင့် ဦးအောင်မြတ်လမ်းထောင့်၌ လိုင်စင်မဲ့ Honda Fit မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၀၀၀,၀၀၀) ကို လည်းကောင်း၊ စစ်ကိုင်းမြို့၊ ရတနာပုံတံတား ပူးပေါင်း စစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Mitsubishi Pajero မော်တော်ယာဉ် တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၇,၀၀၀,၀၀၀) ကို လည်းကောင်း၊ စစ်ကိုင်းမြို့ ကျော်ထက်မီးပွိုင့်အနီး၌ လိုင်စင်မဲ့ မော်တော် ယာဉ်နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၀၀၀,၀၀၀) ကိုလည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇,၀၀၀,၀၀၀) ကို မေ ၅ ရက်နှင့် ၆ ရက်တို့တွင် အသီးသီး ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ မေလ ၅ ရက်၊ ၆ရက် နှင့် ၇ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၃၈ မှု ရှိခဲ့ပြီး ခန့်မှန်းတန်ဖိုးငွေ အားဖြင့်လည်း ၁,၁၆၈,၅၆၃,၂၀၅ ကျပ်တန်ဖိုးရှိ တရားမဝင်ကုန်ပစ္စည်းများကို ဖမ်းဆီးရမိခဲ့ကြောင်း သက်ဆိုင်ရာက ထုတ်ပြန်ထားချက်အရ သိရသည်။



