လေးနှစ်တာကာလအတွင်း မြိတ်မြို့တွင် ဘောလုံး၊ နှစ်လုံး၊ သုံးလုံး စသည့် လောင်းကစားဒိုင် အရေအတွက် အများအပြားထပ်တိုးလာကြောင်း မြို့ခံအချို့ထံမှ သိရသည်။လက်ရှိတွင် မြိတ်မြို့ပေါ်ရှိ ရပ်ကွက်တစ်ခုလျှင် လောင်းကစားဒိုင် ၅ ခုထက်မနည်းရှိနေပြီး လိုင်းကြေး(ငွေ)ပေးကာ ပြုလုပ်နေကြခြင်းဖြစ်ကြောင်း မြို့ခံအချို့က ဆိုသည်။ဘောလုံး၊ နှစ်လုံးနှင့် သုံးလုံး လောင်းကစားဒိုင်တစ်ခုလျှင် လိုင်းကြေးအဖြစ် ငွေကျပ် ၅သိန်း မှ ကျပ်သိန်းဆယ်ချီပေးရနေရသည်ဟု သိရကြောင်း ပြောသည်။



