back

ထားဝယ်မြို့ပေါ်တွင် သွေးလွန်တုပ်ကွေးအဖြစ်များနေ၍ ကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်

May 11 • 10:39 AM

breaking-news

မြန်မာ

တနင်္သာရီ

cover

ထားဝယ်မြို့ပေါ်တွင် သွေးလွန်တုပ်ကွေးအဖြစ်များနေ၍ ကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်

သွေးလွန်တုပ်ကွေးအဖြစ်များနေသည့် ထားဝယ်မြို့ပေါ်တွင် ခရိုင်ကျမ်းမာရေးဦးစီးဌာနနှင့် တနင်္သာရီတိုင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တို့ ပူးပေါင်း၍ ယနေ့ မေလ ၁၁ ရက်နေ့မှစကာ ...

သွေးလွန်တုပ်ကွေးအဖြစ်များနေသည့် ထားဝယ်မြို့ပေါ်တွင် ခရိုင်ကျမ်းမာရေးဦးစီးဌာနနှင့် တနင်္သာရီတိုင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တို့ ပူးပေါင်း၍ ယနေ့ မေလ ၁၁ ရက်နေ့မှစကာ ရောဂါကာကွယ်ရေး လုပ်ငန်းများကို စတင်လုပ်ဆောင်နေကြသည်။ထားဝယ်မြို့ပေါ် ရှိ သွေးလွန်တုပ်ကွေး အဖြစ်များနေသည့် တလိုင်းမ၊တလိုင်းထိန်ရပ်ကွက်နှင့် ဝဲကျွန်းရပ်ကွက်များတွင် ဆောင်ရွက်နေကြောင်း သိရသည်။တလိုင်းမ ရပ်ကွယ်ရှိ ပြင်းထန်သွေးလွန်တုပ်ကွေးဖြစ်သည့် နေအိမ်နှင့် ကိုက်တစ်ရာအကွာ၌ရှိသော နေအိမ်များ၏ပတ်ဝန်းကျင်နှင့် ရေကန်၊ရေဝပ်သောနေရာများတွင် ယနေ့ မေလ ၁၁ ရက်နေ့ နံနက်ပိုင်း၌ ခြင်းဆေးဖြန်းခြင်း၊ အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ဝဲကျွန်းရပ်ကွက်တွင် မေလ ၁၂ ရက်နေ့ မနက်ဖြန်တွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။



news-view-count-icon

8