ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ကဆုန်ညောင်ရေသွန်းပွဲအခမ်းအနားကို ရန်တိုင်းအောင် ဆုတောင်းပြည့် မြို့ဦးစေတီတော်တွင် မေ ၁၁ ရက်(ကဆုန်လပြည့်နေ့) နံနက် ၇ နာရီတွင် ကျင်းပခဲ့သည်။ထို့ပြင် ကဆုန်ညောင်ရေသွန်းပွဲ ၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ဆွမ်း ဆက်ကပ်လှူဒါန်းပွဲကို သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတွင် နံနက် ၉နာရီတွင်လည်း ကျင်းပခဲ့ကြောင်း သိရသည်။



