back

ဟဲဟိုးမြို့ထွက်တွင် ယာဥ်ထိန်းရဲဟန်ဆောင်ကာ ကားလိမ်သွားပြီး Kpay ၃သိန်းပါ ရယူသွား

May 11 • 10:35 AM

breaking-news

မြန်မာ

ရှမ်း

cover

ဟဲဟိုးမြို့ထွက်တွင် ယာဥ်ထိန်းရဲဟန်ဆောင်ကာ ကားလိမ်သွားပြီး Kpay ၃သိန်းပါ ရယူသွား

မေလ ၆ ရက်၊ နံနက် ၉ နာရီခန့်တွင် ရှမ်းပြည်တောင်ပိုင်း၊ ဟဲဟိုးမြို့အထွက် လက်ပံပင်တန်းကျေးရွာ အနီးတွင် လူ ၃ဦးက ယာဥ်ထိန်းရဲဟန်ဆောင်ကာ လိုင်စင်မဲ့ကားကို သိမ်းဆည်းသည်...

မေလ ၆ ရက်၊ နံနက် ၉ နာရီခန့်တွင် ရှမ်းပြည်တောင်ပိုင်း၊ ဟဲဟိုးမြို့အထွက် လက်ပံပင်တန်းကျေးရွာ အနီးတွင် လူ ၃ဦးက ယာဥ်ထိန်းရဲဟန်ဆောင်ကာ လိုင်စင်မဲ့ကားကို သိမ်းဆည်းသည်ဟုပြောပြီး လိမ်လည်ယူဆောင်သွားသလို Kpay ၃သိန်းပါ လွှဲခိုင်းသွားကြောင်း သိရသည်။"ပိုက်ဆံမပါတော့ Kpayထဲကနေ ၃သိန်းလွှဲပေးလိုက်ရပါတယ်။ ညှိနှိုင်းမယ်ပြောတော့လည်း မရဘူး ကားသိမ်းလိုက်ပြီ ပြောပါတယ်။ မနက်ဖြန်မနက်မှ အေးသာယာလာရွေးလို့ ပြောပါတယ်။ ဖုန်းနံပါတ်တစ်ခုထားခဲ့ပေးပါတယ်။ ကားကို တစ်ခါတည်းယူသွားပါတယ်" ဟု ပြောပြသည်။ယင်းကဲ့သို့ ကားသိမ်းဆည်းယူဆောင်သွားမည်ဆိုပါက သိမ်းဆည်းသူ၏ ဝန်ထမ်းကတ်၊ တာဝန်ကျဌာနတို့ကို တိတိကျကျ မှတ်တမ်းရယူထားရန်လိုသလို ဌာနဆိုင်ရာနှင့် နီးစပ်သူများထံ ဖုန်းဆက်ကာ မေးမြန်းအကြံဉာဏ်ရယူခြင်းများ ပြုလုပ်သင့်ကြောင်း ကားဝယ်ရောင်းသမားတစ်ဦးက အကြံပြုသည်။ 



news-view-count-icon

11