back

ထိုင်း အစိုးရက တရားမဝင် ခရီးသွားလုပ်ငန်း ကုမ္ပဏီတွေနဲ့ ခရီးသွားလမ်းညွှန်တွေကို ထိထိရောက်ရောက် နှိမ်နင်းမည်

May 11 • 9:57 AM

breaking-news

မြန်မာ

ပြည်ပ

cover

ထိုင်း အစိုးရက တရားမဝင် ခရီးသွားလုပ်ငန်း ကုမ္ပဏီတွေနဲ့ ခရီးသွားလမ်းညွှန်တွေကို ထိထိရောက်ရောက် နှိမ်နင်းမည်

အစိုးရပြောရေးဆိုခွင့်ရှိသူ Sasikarn Watthanachan က ထိုင်း အစိုးရဟာ တစ်နိုင်ငံလုံးမှ တရားမဝင် ခရီးသွားလုပ်ငန်း ကုမ္ပဏီတွေနဲ့ လိုင်စင် မရှိတဲ့ ခရီးသွားလမ်းညွှန်တွ...

အစိုးရပြောရေးဆိုခွင့်ရှိသူ Sasikarn Watthanachan က ထိုင်း အစိုးရဟာ တစ်နိုင်ငံလုံးမှ တရားမဝင် ခရီးသွားလုပ်ငန်း ကုမ္ပဏီတွေနဲ့ လိုင်စင် မရှိတဲ့ ခရီးသွားလမ်းညွှန်တွေကို ထိထိရောက်ရောက် နှိမ်နင်းဖို့ အဖွဲ့အစည်းတစ်ခုကို တည်ထောင်လိုက်တယ်လို့ ပြောပါတယ်။ ခရီးသွားလုပ်ငန်း ဝန်ကြီးဌာန ၊ စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှု ဌာန၊ အထူးစုံစမ်းစစ်ဆေးရေး ဌာန၊ ခရီးသွား ရဲဌာနနဲ့ လူဝင်မှုကြီးကြပ်ရေး ဌာန စတဲ့ ဌာန ၅ ခုမှ အရာရှိတွေနဲ့ အဲဒီ အဖွဲ့အစည်းကို တည်ထောင်ထားတယ်လို့ သူမက ပြောပါတယ်။ သူမ က ထိုင်း တစ်နိုင်ငံလုံးမှ နာမည်ကြီး Tourist Destination တွေမှာ အလုပ်လုပ်နေတဲ့ ခရီးသွားလုပ်ငန်း ကုမ္ပဏီတွေနဲ့ ခရီးသွားလမ်းညွှန်တွေကို စစ်ဆေးမယ်လို့ ပြောပါတယ်။

news-view-count-icon

13