back

ဘန်ကောက်မှာ မေလ ၁၁ ရက်ကနေ ၁၆ ရက်အထိ မိုးကြီးမည်

May 11 • 9:54 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဘန်ကောက်မှာ မေလ ၁၁ ရက်ကနေ ၁၆ ရက်အထိ မိုးကြီးမည်

ဘန်ကောက်မှာ မေလ ၁၀ ရက်နေ့ ညနေအစောပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့ပါတယ်။ ထိုင်း မိုးလေဝသ ဌာနက လာမယ့်နေ့တွေအတွက် ရာသီဥတု ခန့်မှန်းချက်ကို ထုတ်ပြန်ကြေညာလိုက်ပြီး...

ဘန်ကောက်မှာ မေလ ၁၀ ရက်နေ့ ညနေအစောပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့ပါတယ်။ ထိုင်း မိုးလေဝသ ဌာနက လာမယ့်နေ့တွေအတွက် ရာသီဥတု ခန့်မှန်းချက်ကို ထုတ်ပြန်ကြေညာလိုက်ပြီး ဘန်ကောက်မှာ ရာသီဥတု ဆိုးရွားနိုင်တယ်လို့ ပြောပါတယ်။ ထိုင်း မိုးလေဝသဌာနက မေလ ၁၁ ရက်နဲ့ ၁၂ ရက်အတွင်း ဘန်ကောက် မှာ မိုးကြိုးပစ်တာ၊ လေပြင်းတိုက်တာနဲ့ မိုးကြီးတာတွေ ဖြစ်နိုင်တယ်လို့ သတိပေးလိုက်ပါတယ်။ အဲဒီ ရာသီဥတုဟာ မေလ ၁၃ ရက်ကနေ ၁၆ ရက်နေ့အထိ ဆက်လက် ဖြစ်ပွားနိုင်ပြီး မိုးကြိုးပစ်တာနဲ့ မိုးကြီးတာကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားသင့်တယ်လို့ ပြောပါတယ်။

news-view-count-icon

17