back

ရှမ်းပြည်နယ် တောင်ပိုင်းတွင်ကလော - ရွှေညောင် လမ်း ပိုင်း ရေနွေး ငွေ့ စက်ခေါင်း အထူးတွဲဆိုင်းနဲ့ပြေးဆွဲနိုင်ဖို့စီစဉ်နေ

May 11 • 5:55 AM

breaking-news

မြန်မာ

ရှမ်း

breaking-news
cover

ရှမ်းပြည်နယ် တောင်ပိုင်းတွင်ကလော - ရွှေညောင် လမ်း ပိုင်း ရေနွေး ငွေ့ စက်ခေါင်း အထူးတွဲဆိုင်းနဲ့ပြေးဆွဲနိုင်ဖို့စီစဉ်နေ

ရှမ်းပြည်နယ် တောင်ပိုင်း ကလော- ရွှေညောင်လမ်းပိုင်း ကို ရှေးဟောင်း ရေနွေးငွေ့ စက်ခေါင်း အထူးတွဲဆိုင်း နဲ့ပြေးဆွဲနိုင်ဖို့စီစဉ်နေတယ်လို့ မြန်မာ့မီးရထား က သိရပါတယ်...

ရှမ်းပြည်နယ် တောင်ပိုင်း ကလော- ရွှေညောင်လမ်းပိုင်း ကို ရှေးဟောင်း ရေနွေးငွေ့ စက်ခေါင်း အထူးတွဲဆိုင်း နဲ့ပြေးဆွဲနိုင်ဖို့စီစဉ်နေတယ်လို့ မြန်မာ့မီးရထား က သိရပါတယ်။တောင်ကြီး-ရွှေညောင်လမ်းပိုင်းရှိပေါမူဘူတာနဲ့ ထီသိမ်ဘူတာအကြား ရထားလမ်းပိုင်း ပြုပြင်နေ ပြီး ၊ကလော- ရွှေညောင်လမ်းပိုင်း မှာ ရေနွေးငွေ့စက်ခေါင်း အထူးတွဲဆိုင်းနဲ့ ပြေးဆွဲနိုင်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေကာခရီးစဥ် အတွက် အချိန် (၃) နာရီ ကြာ မြင့် မှာ ဖြစ်ပြီး၊ကျောက်မီးသွေးတန်ချိန်အနေနဲ့ (၃)တန်ခွဲကုန်ကျမှာဖြစ်ပါတယ်။ရေနွေးငွေ့စက်ခေါင်းသုံး ရှေးဟောင်းမီးရထားကိုလည်းအတွင်းပိုင်း သန့်ရှင်းရေး ပြုလုပ် တာ၊ မီးရထား အမြင်တင့်တယ် စေ ဖို့ အတွက် ဆေး သုတ်တာ တွေ ပြန်လည်လုပ်ဆောင်သွားမှာဖြစ်တယ်လို့သိရှိရပါတယ်။


news-view-count-icon

19