မန္တလေးငလျင်ကြီးဒဏ်သင့်ဒေသများအတွက် တရုတ်နိုင်ငံမှထောက်ပံ့လှူဒါန်းသည့် အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပစ္စည်းများ ထပ်မံရောက်ရှိလာကာအဆိုပါ ထောက်ပံ့ပစ္စည်းများကို မေ ၁၀ ရက်နံနက်ပိုင်းက မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူး Mr. Ouyang Daobing မှ သီလဝါဆိပ်ကမ်းတွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့ထံလွှဲပြောင်းပေးအပ်ခဲ့သလိုယခုအကြိမ် လှူဒါန်းမှုမှာ တရုတ်နိုင်ငံအစိုးရမှ (၁၃)ကြိမ်မြောက်အဖြစ်ထောက်ပံ့လှူဒါန်းခြင်းဖြစ်ပြီး ပစ္စည်းများမှာ Prefabricated House နှင့် ဆက်စပ်ပရိဘောဂပေါင်း(၁,၅၇၆)စုံဖြစ်ကြောင်း သိရပါတယ်။



