back

မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီ နှင့်လခြမ်းနီအသင်းများဖက်ဒရေးရှင်းမှ အထွေထွေအတွင်းရေးမှူး မန္တလေးတွင် ငလျင်ဘေးသင့်ပြည်သူများအား အကူအညီပေးနေမှုများကြည့်ရှုခဲ့

May 11 • 5:27 AM

breaking-news

မြန်မာ

မန္တလေး

breaking-news
cover

မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီ နှင့်လခြမ်းနီအသင်းများဖက်ဒရေးရှင်းမှ အထွေထွေအတွင်းရေးမှူး မန္တလေးတွင် ငလျင်ဘေးသင့်ပြည်သူများအား အကူအညီပေးနေမှုများကြည့်ရှုခဲ့

မေလ(၁၀)ရက်နေ့ကမြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခဒေါက်တာမျိုးညွန့်နှင့်အပြည်ပြည်ဆိုင်ရာကြက်ခြေနီ နှင့်လခြမ်းနီအသင်းများဖက်ဒရေးရှင်းမှအထွေ‌ေထွအတွင်းရေးမှူ...

မေလ(၁၀)ရက်နေ့ကမြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခဒေါက်တာမျိုးညွန့်နှင့်အပြည်ပြည်ဆိုင်ရာကြက်ခြေနီ နှင့်လခြမ်းနီအသင်းများဖက်ဒရေးရှင်းမှအထွေ‌ေထွအတွင်းရေးမှူး Mr. Jagannath Chapagain တို့သည် အသင်း အလုပ်အမှုဆောင်အဖွဲ့ဝင် ပါမောက္ခဒေါက်တာတင်မောင်လှိုင်၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီ နှင့်လခြမ်းနီအသင်းများဖက်ဒရေးရှင်း ဂျနီဖာရုံးချုပ်မှ ညွှန်ကြားရေးမှူး Ms.Vicoria Stodart နှင့် မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ်Ms.Nadia Khoury၊ မန္တလေးတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများနှင့် အတူ မန္တလေးတိုင်း ငလျင်ဘေး တုံ့ပြန်ရေး ညှိနှိုင်းဆောင်ရွက်မှုရုံးသို့ သွားရောက်ကြည့်ရှု့ခဲ့ပြီးမန္တလေးတိုင်းဒေသကြီး၊ တိုင်းကြက်ခြေနီကြီးကြပ်မှုကော်မတီရုံး တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းက ငလျင်ဘေးသင့် ပြည်သူများအတွက် ဆောင်ရွက်လျက်ရှိသော ငလျင်တုံ့ပြန်ရေးဆောင်ရွက်ချက်များတွင် ပါဝင်ကူညီပေးကြသော ကြက်ခြေနီစေတနာလုပ်အားရှင်များကို အားပေးစကားပြောကြားခဲ့ပါတယ်။



news-view-count-icon

27