မေ ၆ ရက်နေ့က ဖျက်ဆီးခံရသော မော်လမြိုင်-ရန်ကုန်ရထားလမ်းပိုင်း (နှင်းပုလဲဘူတာနှင့် တောင်စွန်းဘူတာကြား)အား ပြင်ဆင်မှု (၃) ရက်အတွင်း ပြီးစီးပြီးနောက်၊ မေ ၁၀ ရက်မှစ၍ အမှတ် (၈၂) အစုန် လေအိတ်တွဲဆိုင်းရထားအား နေ့စဉ်အချိန်မှန်ဖြင့် ပြန်လည်ပြေးဆွဲပေးနေကြောင်း သိရသည်။ ထို့အတူ ခရီးသည်များအတွက် မော်လမြိုင်ဘူတာကြီးရှိ ရက်ကြိုလက်မှတ်ရုံ၌ နံနက် ၇ နာရီမှ မွန်းလွဲ ၃ နာရီအထိ တစ်ရက်ကြိုတင်၍ လက်မှတ်များ ရောင်းချပေးလျက်ရှိသည်။



