မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ခံစားရသူများကို လူသားချင်းစာနာမှုအကူအညီများပေးလျက်ရှိရာ ကရင်ပြည်နယ် ဘားအံမြို့နယ်တွင် ၂၀၂၄ခုနှစ်၊ ဩဂုတ်လအတွင်းက ရေဘေးအန္တရာယ် ဆိုးရွားစွာ ခံစားခဲ့ရသည့် ရပ်ကွက်များဖြစ်သော ရပ်ကွက် အမှတ် (၁)၊ (၂)၊ ၃၊ (၄)၊ (၅)၊ (၆)၊(၇)၊(၈)၊ (၉)၊ လှာကမြင့်ကျေးရွာနှင့် ကော့လှိုက်ကျေးရွာများမှ ရေဘေးသင့် အိမ်ထောင်စုများအား မေလ(၈)ရက်နေ့နှင့် မေလ(၉)ရက်နေ့များတွင် ငွေသား ထောက်ပံ့ကူညီခဲ့ပါတယ်။ထောက်ပံ့ရာတွင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း၏ ကူညီပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့ခြင်းဖြစ်ပြီး အဆိုပါရပ်ကွက်များ/ကျေးရွာများမှ ရေဘေးသင့် အိမ်ထောင်စု ပေါင်း(၅၀၃)စုအား အသင်း၏ သတ်မှတ်စံနှုန်းများနှင့်အညီ အိမ်ထောင်စု(၁)စုလျှင် ငွေသား ကျပ် လေးသိန်း တိတိ (၄၀၀,၀၀ဝိ/)ကို ပြည်နယ်ကြက်ခြေနီကြက်ခြေနီကြီးကြပ်မှုကော်မတီရုံးတွင် ကြက်ခြေနီစေတနာလုပ်အားရှင်များက ရေဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ခြင်းလည်းဖြစ်ပါတယ်။



