တောင်ကြီး-ရွှေညောင်ရထားလမ်းပေါ်ရှိ ပေါမူဘူတာနှင့် ထီသိမ်ဘူတာအကြား လမ်းပိုင်းအား လုံခြုံမှုမြှင့်တင်ရေးအတွက် ပြုပြင်မွမ်းမံမှုများ ဆောင်ရွက်လျက်ရှိရာ၊ ကလော-ရွှေညောင်လမ်းပိုင်းတွင်လည်း ရေနွေးငွေ့စက်ခေါင်းအထူးတွဲဆိုင်းဖြင့် ရထားပြေးဆွဲနိုင်ရေး လုပ်ငန်းများ ဆက်လက်တိုးတက်စွာ ပြုလုပ်နေသည်။



