back

မန္တလေး လဝန်းသစ်ဇာတ်မှ မိသားစုဝင်သုံးဦး အင်းတော်လမ်းမှာ အဆက်အသွယ်ပြတ်သွားတာ ၁၀ ရက်ကျော်ပြီလို့ပြော

May 10 • 11:09 AM

breaking-news

မြန်မာ

ကချင်

cover

မန္တလေး လဝန်းသစ်ဇာတ်မှ မိသားစုဝင်သုံးဦး အင်းတော်လမ်းမှာ အဆက်အသွယ်ပြတ်သွားတာ ၁၀ ရက်ကျော်ပြီလို့ပြော

ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်နေ့က မန္တလေးမြို့ကနေ ကိုယ်ပိုင်အိမ်စီးကားနဲ့ စထွက်ခဲ့ပြီး၊ ဧပြီ ၂၃ ရက်နေ့မှာ ကချင်ပြည်နယ် မိုးကောင်းမြို့ ကျွန်းတောရပ်ကွက်ကို ဇာတ်ကသွားတဲ...

ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်နေ့က မန္တလေးမြို့ကနေ ကိုယ်ပိုင်အိမ်စီးကားနဲ့ စထွက်ခဲ့ပြီး၊ ဧပြီ ၂၃ ရက်နေ့မှာ ကချင်ပြည်နယ် မိုးကောင်းမြို့ ကျွန်းတောရပ်ကွက်ကို ဇာတ်ကသွားတဲ့ လဝန်းသစ်ဇာတ်မှ ခေါင်းဆောင်မင်းသားအပါအဝင် မိသားစုဝင် (၃) ဦးဟာ စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်ထဲမှာ အဆက်အသွယ်ပြတ်သွားတယ်လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။‘လဝန်းသစ်’ ဇာတ်ပိုင်ရှင် ခေါင်းဆောင်မင်းသား မောင်သက်ဝေ အသက် (၂၇) နှစ်ဖြစ်ပြီး ၎င်းတို့စီးလာတဲ့ 6 R. 4866 MDY မာစတာအမျိုးအစား ကားအဖြူလေးနဲ့အတူ ပျောက်ဆုံးခဲ့တာဖြစ်တယ်လို့လည်း မိသားစုဝင်က ပြောပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းက ပျောက်ဆုံးနေသူတွေရဲ့ လူမှုကွန်ရက်အကောင့်တွေ အင်တာနက် လိုင်းတက်တာတွေတွေ့ရပြီး စာပို့ခဲ့ပေမဲ့ လုံးဝအကြောင်းမပြန်ဘူးလို့လည်း မိသားစုဝင်က ပြောပါတယ်။



news-view-count-icon

13