Tesla ၏ Cybertruck ကားကို ဝယ်ယူပြီး စက်သေနတ်တပ်ဆင်ခဲ့သော ချာချင်ညာခေါင်းဆောင် ရမ်ဇန် ကတ်ဒရော့ဗ်သည် အီလွန်မတ်စ်၏ လုပ်ရပ်ကြောင့် ဒေါသထွက်နေကြောင်း သိရသည်။ အီလွန်မတ်စ်သည် ၎င်း၏ကားကို အဝေးမှနေ၍ သုံးမရအောင် ပိတ်ချခဲ့ခြင်းကြောင့် ဖြစ်သည်။ ၂၀၀၇ ခုနှစ်မှစတင်ကာ ချာချင်ညာတွင် အာဏာရလာသော ကတ်ဒရော့ဗ်သည် X (ယခင် တွစ်တာ) တွင် "အီလွန်မတ်စ်၏ လုပ်ရပ်သည် အလွန်ဆိုးရွားသည်။ နှလုံးသားထဲမှ တန်ဖိုးကြီး လက်ဆောင်များကို ပေးပြီး အဝေးမှနေ၍ ပိတ်ပစ်ခဲ့သည်" ဟု ရေးသားခဲ့သည်။ ထို့အပြင် "ယင်းလုပ်ရပ်သည် ယောက်ျားမဆန်ပါ။ အီလွန်၊ ခင်ဗျား ဘယ်လိုလုပ်မလဲ" ဟုလည်း မေးခွန်းထုတ်ခဲ့သည်။ Tesla က ၎င်း၏ကားကို ပိတ်ချလိုက်သောကြောင့် ကားကို ကြိုးဖြင့် ဆွဲရတော့မည်ဟု ကတ်ဒရော့ဗ်က ထပ်မံ ပြောကြားခဲ့သည်။
May 10 • 11:08 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 19 | 0 | 0 | 0 |


