စပိန်လူမျိုးနည်းပြ ဇာဘီအလွန်ဆိုက သူဟာ ဒီရာသီကုန်မှာ လေဗာကူဆင်အသင်းကနေ ထွက်ခွာမယ်လို့ အတည်ပြု ပြောခဲ့ပါတယ်။ ဇာဘီအလွန်ဆိုက “အခုလာမယ့် ၂ ပွဲဟာ လေဗာကူဆင်အသင်း နည်းပြအဖြစ် ကျနော့်ရဲ့ နောက်ဆုံးပွဲဖြစ်မယ် ဆိုတာ ဒီအပတ်ထဲမှာ ကလပ်အသင်းနဲ့ ကျနော်သဘောတူညီမှု ရရှိထားပါတယ်။ အခုအချိန်ဟာ ဒီအကြောင်းကို ကြေညာဖို့ မှန်ကန်တဲ့ အခိုက်အတန့်ပါ။ မေ၁၁ရက်နေ့ အိမ်ကွင်းကစားမယ့်ပွဲမှာ နှုတ်ဆက်ပွဲ ပြုလုပ်ချင်ပါတယ်။ မယုံနိုင်လောက်အောင် ၃ နှစ်ကြာခဲ့ပြီး ကျနော်တို့ အောင်မြင်ခဲ့တာတွေအတွက် ဂုဏ်ယူနိုင်မယ်လို့ ထင်ပါတယ်။ ကလပ်ဟာ လမ်းကြောင်းမှန်ပေါ်ကို ရောက်နေပါပြီ”လို့ ပြောခဲ့တာပါ။ 
| 19 | 0 | 0 | 0 |


