British Airways ကို ပိုင်ဆိုင်သည့် International Airlines Group IAG သည် Boeing အသစ် ၃၂ စီးကို ကန်ဒေါ်လာ ၁၃ ဘီလီယံနီးပါးဖြင့် ဝယ်ယူရန် Boeing ကုမ္ပဏီထံ အမှာစာ ပေးအပ်သည်။Boeing နှင့် Airbus လေယာဉ်များတွင် အသုံးပြုသည့် Rolls-Royce ဂျက်အင်ဂျင်များအပေါ် ချမှတ်ထားသည့် အကောက်ခွန်ကို ရုပ်သိမ်းရန် အမေရိကန်က သဘောတူပြီးနောက် တစ်ရက်အကြာတွင် လေယာဉ်များ ဝယ်ယူသည့် ကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်သည်။ဗြိတိသျှ လေယာဉ်အင်ဂျင်ကုမ္ပဏီ Rolls-Royce ၏ အင်ဂျင်များကို အမေရိကန်က အကောက်ခွန် ရုပ်သိမ်းပေးလိုက်သဖြင့် ကျေးဇူးသိတတ်သောအားဖြင့် ဗြိတိသျှ လေကြောင်းကုမ္ပဏီက အမေရိကန်ကုမ္ပဏီ ဘိုးရင်းထံမှ လေယာဉ်များ ဝယ်ယူရန် နေ့ချင်းညချင်း အမှာစာ ပေးအပ်သည်ဟု ယူဆစရာ ဖြစ်နေသည်။
International Airlines Group IAG သည် Boeing အသစ် ၃၂ စီးကို ကန်ဒေါ်လာ ၁၃ ဘီလီယံနီးပါးဖြင့် ဝယ်ယူရန် အမှာစာ ပေးအပ်
May 10 • 11:04 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 15 | 0 | 0 | 0 |


