back

ပုပ်ရဟန်းမင်းအသစ် လီယို ၁၄ သည် စစ်စတင်းချာပယ်တွင် ပထမဆုံးပွဲတော်ကို ကျင်းပ

May 10 • 11:02 AM

breaking-news

မြန်မာ

ပြည်ပ

cover

ပုပ်ရဟန်းမင်းအသစ် လီယို ၁၄ သည် စစ်စတင်းချာပယ်တွင် ပထမဆုံးပွဲတော်ကို ကျင်းပ

ကက်သလစ်အသင်းတော်၏ ၂၆၇ ပါးမြောက် ပုပ်ရဟန်းမင်းအဖြစ် မေလ ၈ ရက်တွင် ရွေးချယ်ခံခဲ့ရသော ပုပ်ရဟန်းမင်းအသစ် လီယို ၁၄ သည် စစ်စတင်းချာပယ်တွင် ၎င်း၏ ပထမဆုံး ကက်သလစ် ဝတ်ပြ...

ကက်သလစ်အသင်းတော်၏ ၂၆၇ ပါးမြောက် ပုပ်ရဟန်းမင်းအဖြစ် မေလ ၈ ရက်တွင် ရွေးချယ်ခံခဲ့ရသော ပုပ်ရဟန်းမင်းအသစ် လီယို ၁၄ သည် စစ်စတင်းချာပယ်တွင် ၎င်း၏ ပထမဆုံး ကက်သလစ် ဝတ်ပြုဆုတောင်းပွဲကို မေလ ၉ ရက်တွင် ကျင်းပခဲ့သည်။ ပုပ်ရဟန်းမင်း လီယို ၁၄ (အမည်ရင်း ရောဘတ်ဖရန်ဆစ်ပရီဗို့စ်) သည် ကက်သလစ်အသင်းတော်၏ ပထမဆုံး အမေရိကန် အကြီးအကဲ ဖြစ်လာခဲ့သည်။ ကမ္ဘာက ၎င်းအား မည်သို့သော ပုပ်ရဟန်းမင်းကြီး ဖြစ်လာမလဲဆိုသည်ကို စောင့်ကြည့်လျက်ရှိသည်။

ပုပ်ရဟန်းမင်း လီယို ၁၄ သည် မြောက်အမေရိကမှ မွေးဖွားသော ပထမဆုံး ပုပ်ရဟန်းမင်းဖြစ်ပြီး ပီရူးနိုင်ငံသား ပုပ်ရဟန်းမင်းလည်း ဖြစ်သည်။ ၎င်းသည် Order of Saint Augustine - OSA ဂိုဏ်းခွဲမှ သတ္တမမြောက် ပုပ်ရဟန်းမင်းကြီးဖြစ်သည်။

news-view-count-icon

15