တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဆွီဒင်နိုင်ငံ ဘုရင် Carl XVI Gustaf တို့သည် မေ ၉ ရက်တွင် ဂုဏ်ပြုသဝဏ်လွှာများ အပြန်အလှန်ပေးပို့၍ တရုတ်-ဆွီဒင် သံတမန်ဆက်ဆံရေးထူထောင်ခြင်း ၇၅ နှစ်ပြည့်အတွက် ဂုဏ်ပြုခဲ့ကြသည်။ထိုသို့ သဝဏ်လွှာပေးပို့ရာတွင် ရှီကျင့်ဖိန်က ဆွီဒင်နိုင်ငံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် သံတမန်ဆက်ဆံရေး ထူထောင်သည့် ပထမဆုံးအသုတ် ဥရောပတိုက်နိုင်ငံများအနက် တစ်နိုင်ငံဖြစ်ကြောင်း ထောက်ပြခဲ့သည်။ သံတမန်ဆက်ဆံရေးထူထောင်သည့် ၇၅ နှစ်အတွင်း တရုတ်-ဆွီဒင်ဆက်ဆံရေးသည် ယေဘုယျအားဖြင့် တည်ငြိမ်မှုကို ထိန်းသိမ်းထားပြီး နှစ်နိုင်ငံ ကုန်သွယ်စီးပွား၊ သိပ္ပံနည်းပညာ၊ ပညာရေး၊ လူမှုယဉ်ကျေးမှု စသည့် ပူးပေါင်းဆောင်ရွက်မှုများလည်း အဆက်မပြတ် တိုးချဲ့လာပြီး တက်ကြွသောရလဒ်များ ရရှိခဲ့ကြောင်း ၎င်းက သဝဏ်လွှာတွင်ဖော်ပြထားသည်။
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဆွီဒင်နိုင်ငံ ဘုရင် Carl XVI Gustaf တို့ တရုတ်-ဆွီဒင် သံတမန်ဆက်ဆံရေးထူထောင်ခြင်း ၇၅ နှစ်ပြည့်အတွက် ဂုဏ်ပြုသဝဏ်လွှာ အပြန်အလှန်ပေးပို့
May 10 • 10:49 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 9 | 0 | 0 | 0 |


