အီတလီလက်ရွေးစင် ဘက်စ်တိုနီဟာ အင်တာမီလန်အသင်း ဘာစီလိုနာကို အနိုင်ရခဲ့တဲ့ပွဲစဉ်အပေါ် သူ့ရဲ့ သုံးသပ်ချက်ကို ပြောကြားခဲ့ပြီး သူ့ရဲ့ Instagram ပို့စ်မှာလည်း အသင်းဖော်တွေကို ဂုဏ်ပြုစကား ဆိုခဲ့ပါတယ်။ “အင်္ဂါနေ့က ကျွန်တော်တို့ ဘယ်လောက် မယုံနိုင်စရာကောင်းတဲ့ အောင်မြင်မှုကို ဖန်တီးနိုင်ခဲ့လဲဆိုတာ ခုမှပဲ သဘောပေါက်လာတော့တယ်။ ကွင်းထဲမှာ ကျွန်တော်တို့ ထားခဲ့တဲ့ ကြိုးစားအားထုတ်မှုက အရမ်းများတယ်ကျွန်တော်တို့ရဲ့ ပြိုင်ဘက်တွေကို လေးစားပါတယ်။ သူတို့ မယုံနိုင်လောက်တဲ့ ကြံ့ခိုင်မှုနဲ့ နှလုံးသားကို ပြသခဲ့ပါတယ်။ ပြီးတော့ ကြောက်စရာကောင်းလောက်အောင် ထူးချွန်တဲ့ ကောင်လေးတစ်ယောက်ကို အထူးတလည် ချီးကျူးချင်ပါတယ်။ လာမင်း
ယာမာလ် မင်းက တကယ့် သားရဲလေးပဲ။”လို့ပြောဆိုခဲ့ပါတယ်။


