အင်အားပြင်း ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများခဲ့တဲ့ မန္တလေး ၆ မြို့နယ်ထဲက ဆောက်လက်စ အဆောက်အဦးတွေကို ပြန်စစ်ဆေးဖို့ လိုတာကြောင့် ခဏရပ်နားထားဖို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက မေ ၁၀ ရက်မှာ ညွှန်ကြားပါတယ်။မဟာအောင်မြေ၊ အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ အမရပူရ စတဲ့ မြို့နယ် ၆ ခုထဲက ဆောက်လက်စ အဆောက်အဦတွေရဲ့ ပင်မတိုင်တွေ ပျက်စီးတာ ရှိ/မရှိ စစ်ဆေးဖို့ လိုအပ်တာကြောင့်လို့ သိရပါတယ်။ပင်မထောက်တိုင်တွေ ပျက်စီးတာတွေ ရှိရင်တော့ ဆက်ဆောက်ခွင့် ပေးမှာမဟုတ်ဘဲ ပြန်ဆောက်ရမှာဖြစ်ပြီး မလိုက်နာဘူးဆိုရင်တော့ အရေးယူဆောင်ရွက်မှာဖြစ်တယ်လို့ မန်းစည်ပင်က သတိပေးထားတာပါ။



