back

မန္တလေးမှာ မိုးသည်းလို့ ငလျင်ထိထားတဲ့ အဆောက်အအုံပြိုကျပြီး လူနှစ်ဦးထိခိုက်

May 10 • 9:47 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးမှာ မိုးသည်းလို့ ငလျင်ထိထားတဲ့ အဆောက်အအုံပြိုကျပြီး လူနှစ်ဦးထိခိုက်

ယနေ့နေ့ မေလ ၁၀ရက် ညနေ ၃နာရီခွဲခန့်က မန္တလေးမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး မဟာအောင်မြေမြို့နယ်၊ ၇၄လမ်း၊ ၃၇ လမ်းနဲ့ ၃၈ လမ်းကြားမှာ အဆောက်အအုံတစ်ခု ပြိုကျပြီး လူထ...


ယနေ့နေ့ မေလ ၁၀ရက် ညနေ ၃နာရီခွဲခန့်က မန္တလေးမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး မဟာအောင်မြေမြို့နယ်၊ ၇၄လမ်း၊ ၃၇ လမ်းနဲ့ ၃၈ လမ်းကြားမှာ အဆောက်အအုံတစ်ခု ပြိုကျပြီး လူထိခိုက်မှုရှိတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဒါ့အပြင် ချမ်းမြသာစည်မြို့နယ်၊ ကံရွာရပ်ကွက် ဗလီမှာလည်း ဝတ်ပြုဖို့ ယာယီဆောက်လုပ်ထားတဲ့ အဆောက်အဦပြိုကျတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ အဲဒီအဆောက်အဦပြိုကျမှုအခြေအနေ အသေးစိတ်ကိုတော့ အသေးစိတ်မသိရသေးပါဘူး။ပြီးခဲ့တဲ့ ဧပြီအတွင်းကပဲ မန္တလေးမြို့အပါအဝင် ငလျင်ဘေးဒဏ်သင့်ဒေသများမှာ နေရာကွက်မိုးကြီးခဲ့ပြီး လေပြင်းတိုက်ခတ်ခဲ့ပါတယ်။ မိုးကြီးကာ လေပြင်းခဲ့တာကြောင့် ငလျင်ဘေးသင့် အဆောက်အအုံတွေပြိုကျတာ၊ ယာယီတဲတွေထဲ နေထိုင်လို့မရတာတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 




news-view-count-icon

10