back

ပြည်တွင်းရှိမော်လမြိုင်- ရန်ကုန် ရထား ခရီးစဉ်တွေ ပုံမှန်ပြန်လည်ပြေးဆွဲနေ

May 10 • 4:29 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ပြည်တွင်းရှိမော်လမြိုင်- ရန်ကုန် ရထား ခရီးစဉ်တွေ ပုံမှန်ပြန်လည်ပြေးဆွဲနေ

ပြည်တွင်း၌ယာယီရပ်နားထားတဲ့ မော်လမြိုင်-ရန်ကုန်ရထား ခရီးစဉ်တွေ မေ ၁၀ ရက်မှာ ပုံမှန် အတိုင်း ပြန်လည် ပြေးဆွဲပေးနေ ပြီလို့ မော်လမြိုင်ဘူတာကြီး က ပြောပါတယ်။မော်လမြိ...

ပြည်တွင်း၌ယာယီရပ်နားထားတဲ့ မော်လမြိုင်-ရန်ကုန်ရထား ခရီးစဉ်တွေ မေ ၁၀ ရက်မှာ ပုံမှန် အတိုင်း ပြန်လည် ပြေးဆွဲပေးနေ ပြီလို့ မော်လမြိုင်ဘူတာကြီး က ပြောပါတယ်။မော်လမြိုင် - ရန်ကုန်လမ်းပိုင်း နှင်းပုလဲဘူတာနဲ့ တောင်စွန်းဘူတာကြား ရထားလမ်းတံတား ပြင်ဆင်ဆောင်ရွက်တာ ကို အပြီး သတ် ဆောင်ရွက် နိုင် ပြီ ဖြစ် လို့ ယာယီ ရပ်နားထားတဲ့ရထားခရီးစဉ်တွေ ပြန်လည် ပြေးဆွဲတာလည်းဖြစ်ပါတယ်။" ဒီနေ့ ၁၀ ရက် နေ့ မှာ မော်လမြိုင်ဘူတာကြီး ကအမှတ် (၈၂) အစုန် မော်လမြိုင် - ရန်ကုန် ရထား ဟာ ၈ နာရီ ၃၀ အချိန်မှန်ထွက်ခွာသွာ ပြီး ၊ မော်လမြိုင်ဘူတာကြီး ကနေ ခရီးသည်ဦးရေ ရိုးရိုးတန်း (၂၅၄)ဦး ၊အထက်တန်း ၁၅၁ ဦး စုစုပေါင်း (၄၀၅) ဦး လိုက် ပါ စီးနင်း ခဲ့ ပါ တယ် လို့ " မော်လမြိုင်ဘူတာကြီးကပြောပါတယ်။အမှတ် (၈၂)အစုန် မော်လမြိုင် - ရန်ကုန် ရထားဟာ မော်လမြိုင် ဘူတာကြီး ကနေ မနက် ၈ နာရီ ၃၀ မှာ ထွက်ခွာပြီး ရန်ကုန် ဘူတာ ကြီး ကို ညနေ ၄ နာရီ ၅၀ အချိန် မှာဆိုက်ရောက်မှာ ဖြစ်ပါတယ်။




news-view-count-icon

11