လက်ရှိတွင် တရုတ်နိုင်ငံက အမေရိကန်ကုန်စည်များ တင်သွင်းသည့်အပေါ် အကောက်ခွန် ၁၂၅% ပြဋ္ဌာန်းထားသည်။အမေရိကန်က တရုတ်ကုန်စည်များ တင်သွင်းသည့်အပေါ် ၁၄၅% ပြဋ္ဌာန်းထားသဖြင့် အချို့ကုန်စည်များသည် စုစုပေါင်း ၂၄၅% အထိ အကောက်ခွန် စည်းကြပ်ခံရသည်။ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Scott Bessent နှင့် တရုတ်ဒုဝန်ကြီးချုပ် He Lifeng တို့သည် အကောက်ခွန် နှုန်းထားများ အပါအဝင် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးကိစ္စရပ်များကို ယခုသီတင်းပတ်ကုန်တွင် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာတွင် တွေ့ဆုံဆွေးနွေးမည်။ထိုသို့ တရုတ်နိုင်ငံက ဆွေးနွေးညှိနှိုင်းသည့်အတွက် အမေရိကန်သမ္မတ ထရမ့်က အကောက်ခွန် နှုန်းထားကို ၈၀% သို့ လျော့ချပေးမည်ဟု ၎င်းပိုင်ဆိုင်သည့် Truth Social လူမှုမီဒီယာပလက်ဖောင်းတွင်
ပို့စ်တင်ထားသည်။


