မန်စီးတီးအသင်း၏ တိုက်စစ်မှူး ဟာလန်းက ယခုရာသီတွင် မိမိတို့အနေဖြင့် လုံလောက်သည့်စွမ်းဆောင်ရည် မပြနိုင်ခဲ့ကြောင်း ဝန်ခံပြောကြားခဲ့သည်။ EPSN နှင့် ပြုလုပ်သည့် အင်တာဗျူးအစီအစဉ်တွင် ဟာလန်းက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး ဆုဖလားအောင်ပွဲများ ရယူရန်အတွက် ဆာလောင်စိတ်လျော့နည်းခဲ့ကြောင်းလည်း ဝန်ခံခဲ့သည်။ "စိတ်ပျက်စရာကောင်းတဲ့ရာသီအတွက် များပြားလွန်းတဲ့ ဒဏ်ရာပြဿနာတွေကို ဆင်ခြေပေးလို့တော့ ရနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်က လုံလောက်မှုမရှိခဲ့ပါဘူး။ ကျွန်တော်တို့မှာ ဆာလောင်စိတ်လည်း အပြည့်အဝ ရှိမနေခဲ့ပါဘူး"ဟု ဟာလန်းက ပြောကြားခဲ့သည်။
May 10 • 4:26 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 8 | 0 | 0 | 0 |


