ကယန်းအမျိုးသမီးဖိုက်တာ ဘရော်နီကာသည် မေလ ၉ရက်ညပိုင်း ယှဉ်ပြိုင်သည့် One Chanpionship ပြိုင်ပွဲတွင် ထိုင်းနိုင်ငံသူ ဂျူနီယာကို ဒိုင်ပွဲရပ်ဖြင့် အနိုင်ရသွားသည်။ဘန်ကောက်မြို့၊ လုံပ္ပနီကွင်းတွင်ကျင်းပသည့် မွေ့ထိုင်းစနစ်ဖြင့် ယှဉ်ပြိုင်သည့် ယင်းပြိုင်ပွဲတွင် ထိုင်းနိုင်ငံသူ ဂျူနီယာနှင့် မြန်မာကိုယ်စားပြု ကယန်းဖိုက်တာ ဘရော်နီကာတို့ ဒုတိယခေါင်ပွဲအဖြစ်ထိုးသတ်ခဲ့ပြီး ဘရော်နီကာမှ ပွဲစတင်ကတည်းက အသားဖြင့် ထိုးသတ်ခဲ့ကာ ဒုတိယအချီတွင် ဒိုင်ပွဲရပ်ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။


