အခု၂၀၂၅ခုနှစ်မေလထဲမှာ ဆန်ကြမ်းတစ်အိတ်ကို အနည်းဆုံး(၆)သောင်းကျော်နဲ့ဆန်ချောတစ်အိတ်ကိုအများဆုံး(၁)သိန်း ခွဲဖြင့်ရောင်းချဖို့သတ်မှတ်လိုက်တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှသိရပါတယ်။ဆန်ကြမ်းအမျိုးအစားတွေဖြစ်တဲ့ ဧည့်မထ၊ငစိန် စတဲ့ဆန်ကြမ်းတွေကို တစ်အိတ်ကျပ်(၆၀၀၀၀)မှ ကျပ်(၇၈၀၀၀)ဝန်းကျင်ရောင်းချဖို့သတ်မှတ်ထားပြီး ဆန်ချောအမျိုးအစားတွေဖြစ်တဲ့ ပေါ်ဆန်းအုပ်စု၊ ရွှေဘိုပေါ်ဆန်းအုပ်စု ဆန်တွေကိုတော့ ဆန်တစ်အိတ်ကျပ်(၁၁၀,၀၀၀)မှ(၁၅၀,၀၀၀)အထိရောင်းချဖို့ သတ်မှတ်ထားတာဖြစ်ပါတယ်။ဆန်အမျိုးအစားအလိုက် ဆန်1kgကို ၂,၅၀၀ကျပ်မှ၆,၀၀၀ကျပ်အထိသတ်မှတ်ရောင်းချဖို့ ထုတ်ပြန်ထားပြီး ဈေးမြှင့်တင်ရောင်းချတာ၊ဈေးကစားတာတွေတွေ့ရှိပါကဥပဒေအရအရေးယူသွားမှာဖြစ်ပါတယ်။
May 10 • 3:32 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 27 | 0 | 0 | 0 |


