ဆေးရုံတက်လူနာတွေခွဲစိတ်ကုသရေးနဲ့ကုသရေးအဆင်ပြေစေဖို့ မော်လမြိုင်မြို့အမျိုးသမီးနှင့်ကလေး ဆေးရုံကြီးမှာ ဆိုလာစနစ်တပ်ဆင်ရန်လှူဒါန်းခဲ့ရပါတယ်။အလှူရှင်တွေက ဆေးရုံမှာ ဆိုလာတပ်ဆင်ပေးဖို့ ကျပ်သိန်းပေါင်း(၉၃၃)သိန်းတန်ဖိုးရှိ Solar Systemကို လှူဒါန်းပေးခဲ့တာဖြစ်ပြီးမွန်ပြည်နယ်၊မော်လမြိုင်မြို့အမျိုးသမီးနှင့်ကလေး ဆေးရုံကြီးမှာတက်ရောက်နေတဲ့ လူနာတွေဆေးကုသမှုအဆင်ပြေစေဖို့ လူနာဆောင်တွေ၊ခွဲစိတ်ခန်းတွေမှာပါလိုအပ်တဲ့လျှပ်စစ်ဓာတ်အားရရှိအောင်အလှူရှင်တွေက လှူဒါန်းခဲ့တာဖြစ်ပြီး အလှူရှင်တွေကို ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသမှုဦးစီးဌာနမှူးက ဂုဏ်ပြုမှတ်တမ်းလွှာတွေပေးအပ်ခဲ့ တယ်လို့သိရပါတယ်။



