အင်ဒိုနီးရှား-အမေရိကန် ၂ နိုင်ငံ ကုန်သွယ်ရေးတွင် အင်ဒိုနီးရှားဘက်မှာ ကုန်သွယ်ရေး ပိုငွေပြနေသည့်အတွက် အမေရိကန်အစိုးရက အင်ဒိုနီးရှားမှ အမေရိကန်သို့ တင်ပို့သည့် ကုန်စည်များအပေါ် အကောက်ခွန်နှုန်းထား ၃၂% ပြဋ္ဌာန်းထားသည်။ နှစ်နိုင်ငံဆွေးနွေး ညှိနှိင်းရန် ရက် ၉၀ ဆိုင်းငံ့ပေးထားသဖြင့် ဇူလိုင်လမှာ စတင်သက်ရောက်မည်။ အင်ဒိုနီးရှားသည် လောင်စာဆီ တင်သွင်းမှုကို စင်ကာပူမှ တင်သွင်းခြင်းအစား အမေရိကန်မှ တင်သွင်းရန် စီစဉ်နေကြောင်း စွမ်းအင်နှင့် သတ္တုအရင်းအမြစ်ဝန်ကြီး Bahlil Lahadalia က သောကြာနေ့ (မေ ၉ ရက်)တွင် ပြောကြားသည်။ စင်ကာပူမှ လောင်စာဆီတင်သွင်းမှုကို တဖြည်းဖြည်း လျှော့ချသွားပြီး အမေရိကန်ထံမှ တင်သွင်းမှုကို တိုးမြှင့်သွားမည်။



