ဒီကနေ့ မေ ၉ ရက်မှာ အသစ်ထုတ်ပြန်ခဲ့တဲ့ စက်သုံးဆီ ရည်ညွှန်းဈေးနှုန်းတွေအရ ၉၂ တလီတာကို ၂,၈၂၅ ကျပ်၊ ၉၅ တလီတာ ၂,၈၈၅ ကျပ်ရှိပြီး ဒီဇယ်တလီတာကို ၂,၄၁၅ ကျပ်နဲ့ ပရီမီယံဒီဇယ် တလီတာကို ၂,၉၈၀ ကျပ် အသီးသီး ရှိနေပါတယ်။စက်သုံးဆီတင်သွင်းတဲ့ လုပ်ငန်းတွေ လိုအပ်တဲ့ နိုင်ငံခြားငွေတွေကို ဗဟိုဘဏ်က မကြာခဏ ထုတ်ရောင်းချပေးလေ့ရှိပေမဲ့ ပြည်တွင်း စက်သုံးဆီဈေးတွေကတော့ တလီတာကို ကျပ် ၃,၀၀၀ ဝန်းကျင်မှာပဲ အတက်အကျ ဖြစ်ပေါ်နေပါသည်။



