ရန်ပုံငွေပဒေသာကပွဲကြီးအတွက် မေလ ၈ ရက်က အမျိုးသားကဇာတ်ရုံ(ရန်ကုန်)မှာ ရုပ်ရှင်၊ ဂီတ၊ သဘင်က အနုပညာရှင်တွေစုပေါင်းပြီး လေ့ကျင့်တာတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်၊၊ ရန်ပုံငွေပဒေသာကပွဲကြီးရဲ့ ပထမဆုံးကျင်းပမယ့်ရက်ဖြစ်တဲ့ မေလ ၁၀ ရက်မှာ ရုပ်ရှင်အနုပညာရှင်တွေက အရင်ဆုံး ဖျော်ဖြေတင်ဆက် သွားမှာဖြစ်ပြီး မေလ ၁၁ ရက်မှာ မြန်မာနိုင်ငံဂီတအစည်းအရုံးက နိုင်ငံတော် တေးသံရှင် တွေက ဖျော်ဖြေသွား မှာပါ။ နောက်ဆုံနေ့ဖြစ်တဲ့ မေလ ၁၂ ရက်မှာတော့ သဘင်အနုပညာရှင်တွေက ဖျော်ဖြေ တင်ဆက်သွားမှာဖြစ်တယ်လို့ သိရပါတယ်၊၊ အဲဒီ ရန်ပုံငွေပဒေသာကပွဲကို ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံမှာ မေ ၁၀ ရက် ကနေ ၁၂ ရက်အထိ ၃ ရက်တိုင်တိုင် ညနေ ၅ နာရီခွဲကနေ ည ၁၀ နာရီအထိ ဖျော်ဖြေတင်ဆက်သွား မှာ ဖြစ်ပါတယ်၊၊



