မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးသွားတဲ့ အဆောက်အဦးတွေအတွက် အာမခံလျော်ကြေးငွေ ကျပ် ၂ ဒသမ ၀၉၄ ဘီလီယံခန့် ပေးလျော်ပြီးဖြစ်တယ်လို့ မြန်မာ့အာမခံလုပ်ငန်းကနေ သိရပါတယ်၊၊အာမခံကြေး ပေးလျော်ရာမှာ သဘာဝဘေးဒဏ်ကြောင့် ပေးလျော်နိုင်တဲ့ အာမခံအမျိုးအစား ထားရှိသူတွေကိုသာ လျော်ကြေး ငွေ ပေးတာဖြစ်ပါတယ်။ မြန်မာ့အာမခံလုပ်ငန်းကနေ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုအတွက် အာမခံစောင်ရေထားရှိမှု ၄၆၆ စောင် ငွေကျပ် ၂၈၆ ဒသမ ၁၅၆ ဘီလီယံရှိကာ ခန့်မှန်းလျော်ကြေးငွေ ၁၈၇,၃၃၇ ဘီလီယံ ရှိတယ်လို့ သိရပါတယ်၊၊



