back

ပြည်တွင်းပြည်ပ ခရီးသည်များအနေဖြင့် ငလျင်ဘေးသင့်ရာ ဒေသများနှင့် ခရီးသွားဆွဲဆောင်ရာနေရာများသို့ ယခင်ပုံမှန်အတိုင်း သွားရောက်လည်ပတ်နိုင်ဟုဆို

May 09 • 11:57 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်တွင်းပြည်ပ ခရီးသည်များအနေဖြင့် ငလျင်ဘေးသင့်ရာ ဒေသများနှင့် ခရီးသွားဆွဲဆောင်ရာနေရာများသို့ ယခင်ပုံမှန်အတိုင်း သွားရောက်လည်ပတ်နိုင်ဟုဆို

မြန်မာနိုင်ငံရဲ့ ခရီးစဉ်ဒေသများအနက် ငလျင်ဘေးသင့်ရာဒေသများ၌ ငလျင်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှုများကို ပြည်တွင်းပြည်ပ ခရီးသည်များက သွားရောက်လေ့လာကြည့်ရှု...

မြန်မာနိုင်ငံရဲ့ ခရီးစဉ်ဒေသများအနက် ငလျင်ဘေးသင့်ရာဒေသများ၌ ငလျင်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှုများကို ပြည်တွင်းပြည်ပ ခရီးသည်များက သွားရောက်လေ့လာကြည့်ရှုကြခြင်းဖြင့် ငလျင်ဘေးအန္တရာယ်နှင့် ပတ်သက်သည့် ဗဟုသုတများ ရရှိစေနိုင်တဲ့အပြင် ယင်းဒေသရှိ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုပြီး ဒေသခံများ၏ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေများ တိုးပွားရရှိစေနိုင်တဲ့အတွက် ဒေသ၏ အကျိုးစီးပွားကို အထောက်အပံ့ဖြစ်စေနိုင်တယ်လို့လည်း ခရီးသွားအကြံပြုချက် (၁/၂၀၂၅)ဖြင့် အဆိုပါ ဝန်ကြီးဌာနမှ မေ ၈ ရက်နေ့မှာ အသိပေးကြေညာခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် ခရီးသွားများနေဖြင့် သက်ဆိုင်ရာဒေသ အာဏာပိုင်းများထံမှ အချိန်နှင့်တပြေးညီ ထုတ်ပြန်တဲ့ ကြေညာချက်များကို တရားဝင်သတင်းများမှ စောင့်ကြည့်လေ့လာကြရန်နှင့် ခရီးစဉ်အတွင်း ဒေသဆိုင်ရာ ညွှန်ကြားချက်များကို လိုက်နာကြရန်အတွက်လည်း အကြံပြုထားတယ်လို့ သိရပါတယ်။



news-view-count-icon

19