back

ကျပ် ၁ ဘီလျံခွဲကျော်တန်ဖိုးရှိ မူးယစ်ဆေးများသယ်လာသူနှစ်ဦးကို တာချီလိတ်တွင် ဖမ်းမိ

May 09 • 11:51 AM

breaking-news

မြန်မာ

ရှမ်း

cover

ကျပ် ၁ ဘီလျံခွဲကျော်တန်ဖိုးရှိ မူးယစ်ဆေးများသယ်လာသူနှစ်ဦးကို တာချီလိတ်တွင် ဖမ်းမိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ငွေကျပ် ၁ ဒသမ ၅ ဘီလျံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁၉၈ ကီလို သယ်လာသူနှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရ...

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ငွေကျပ် ၁ ဒသမ ၅ ဘီလျံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁၉၈ ကီလို သယ်လာသူနှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ဖြစ်စဥ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေလ ၅ ရက်နေ့ နံနက် ၇ နာရီခွဲအချိန် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ပါဆတ်ရပ်ကွက်တွင် လီလောက်စေး မောင်းနှင်ပြီး လောက်စန် လိုက်ပါလာသည့် TOYOTA REVO ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုး ငွေကျပ် ၁ ဒသမ ၅ ဘီလျံကျော်တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၁၉၈ ကီလို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

news-view-count-icon

12