ထားဝယ်မြို့နှင့်လောင်းလုံးမြို့ကို ဖြတ်သန်းဆက်သွယ်ထားသည့် ထားဝယ် မြစ်ကူးတံတားဖြစ်သော ကမြောကင်းတံတားဖွင့်ချိန်သည် ယခင်က ကမြောကင်းတံတားကို နံနက် ၅ နာရီခွဲခန့်တွင် ပုံမှန်ဖွင့်ပေးလေ့ရှိသော်လည်း မေလ ၈ ရက်နေ့မှစ၍ နံနက် ၆ နာရီ ကျော်မှ ဖွင့်လှစ်ပေးခြင်းကြောင့် ထားဝယ်မြို့သို့ ဈေးဝယ်သွားသည့် နယ်ဈေးသည်များ အခက်အခဲ ကြုံနေရကြောင်း စုံစမ်းသိရှိရသည်။ထားဝယ်မြို့ပေါ်ရှိ ကမ်းနားဈေးတွင် ထားဝယ်၊သရက်ချောင်း၊ရေဖြူ၊ လောင်းလုံးဘက်မှ လာသည့် ဒေသထွက် ဟင်းသီးဟင်းရွက်များနှင့် ကိုင်းသီးနှံများကို နယ်ဈေးသည်များစုံချိန် နံနက်စောစောတွင်သာ အများအားဖြင့် လက္ကားရောင်းချလေ့ရှိသည်။



