ရန်ပုံငွေ မသေချာ မရေရာမှုများကြောင့် RFA မြန်မာပိုင်းအစီအစဉ်များထုတ်လွှင့်မှုများကို လုံးဝ ရပ်နားတော့မည် ဖြစ်ကြောင်း RFA မြန်မာပိုင်းက ယနေ့ မေလ ၉ရက်တွင် ကြေညာသည်။VOA နှင့် RFA သတင်းဌာနများကို ငွေကြေးထောက်ပံ့နေသည့် အမေရိကန်ပြည်ထောင်စု ကမ္ဘာ့သတင်းမီဒီယာအေဂျင်စီ (USAGM) ကို လုပ်ငန်းအဆုံးစွန်ထိ လျှော့ချရန် မတ်လ ၁၅ ရက်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အမိန်သစ် ထုတ်ပြန်ခဲ့သည်။ထိုကြောင့် VOA မြန်မာပိုင်းသတင်းဌာန၏ ထုတ်လွှင့်မှုအစီအစဉ်အားလုံးကို ခေတ္တရပ်နားကြောင်း မတ်လ ၁၆ရက်တွင် ကြေညာခဲ့သည်။ RFA မြန်မာပိုင်းကမူ ထုတ်လွှင့်မှုအစီအစဉ်အများစုကို လျှော့ချကာ ဝန်ထမ်းအနည်းငယ်ဖြင့်သာ သတင်းလုပ်ငန်း ထရမ့်အစိုးရက ပိတ်ပင်တားဆီးခဲ့သည့် VOA ၊ RFA ၊ MBN ၊ OTF သတင်းဌာနတို့ကို ပုံမှန်ပြန်လည် လည်ပတ်ခွင့် ပြုရန် အမေရိကန်ပြည်ထောင်စုတရားသူကြီး ရွိက်စ်လမ်းဘတ်က ဧပြီလ ၂၂ရက်တွင် အမိန့်ချမှတ်ခဲ့သေးသည်။သို့သော်လည်း လုပ်ငန်းများ ပြန်လည် မလည်ပတ်နိုင်ဘဲ RFA မြန်မာပိုင်းကမူ လုပ်ငန်းလုံးဝ ရပ်နားကြောင်း ယနေ့ ကြေညာခဲ့ခြင်းဖြစ်သည်။



