ဟောင်ကောင်အခြေစိုက် V Power Group ပိုင် LNG ဓာတ်ငွေ့တင်သင်္ဘောကြီးဟာ မြန်မာနိုင်ငံ ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိလာတော့မှာဖြစ်ကြောင်း သိရပါတယ်။အဆိုပါ ၁၇၆.၈ မီတာရှည်လျားပြီး တန်ချိန် ၁ သိန်းကျော်ရှိတဲ့ သင်္ဘောကြီးဟာ သီလဝါဆိပ်ကမ်းမှာ ဆိုက်ကပ်ပြီး မီးပေးဝေရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့ ပြန်လာတော့မှာ ဖြစ်ပါတယ်။အဆိုပါ သဘော်ကြီး သွားရောက်သယ်ဆောင်ရန် Singhai Marine Services-Yangon မှ သင်္ဘောသား (၁၄)ယောက်ဟာ ယနေ့နံနက်မှာ ရန်ကုန်မြို့က ထွက်ခွါသွားကြကြောင်း သိရပါသည်။



