back

ရှမ်းပြည်တောင်ပိုင်းမိုးဗြဲဆည်မြောင်းမှ ငါးပုပ်များ ဆယ်ထုတ်မည့်သူမရှိ

May 09 • 11:15 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်တောင်ပိုင်းမိုးဗြဲဆည်မြောင်းမှ ငါးပုပ်များ ဆယ်ထုတ်မည့်သူမရှိ

ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲရေကာတာမှ စီးဆင်းသည့် ဆည်မြောင်း တလျှောက်တွင် ငါးများ အကြောင်းအရင်းမသိ သေဆုံးနေသည်မှာ ရက်သတ္တပတ် ကျော်နေပြီဖြစ်ပြီး ဆယ်ထုတ်မည့်သူမ...

ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲရေကာတာမှ စီးဆင်းသည့် ဆည်မြောင်း တလျှောက်တွင် ငါးများ အကြောင်းအရင်းမသိ သေဆုံးနေသည်မှာ ရက်သတ္တပတ် ကျော်နေပြီဖြစ်ပြီး ဆယ်ထုတ်မည့်သူမရှိသဖြင့် အပုပ်နံ့များ ရနေပြီဖြစ်ကြောင်း ဒေသခံထံမှ သိရသည်။ပြီးခဲ့သည့် မေလ ၁ ရက်နေ့ခန့်မှစတင်ကာ မိုးဗြဲရေကာတာမှ လယ်ကွင်းများသို့ သွင်းသည့် ဆည်မြောင်းများတွင် ငါးအစုလိုက်ပြုံလိုက်သေဆုံးသည်ကို တွေ့ရှိခဲ့ရကြောင်း ဒေသခံထံမှ သိရသည်။ လက်ရှိတွင် ထိုငါးသေများသည် ဘီလူးချောင်းရေဖြင့် မျောပါစီးဆင်းကာ လွိင်ကော်မြို့ထိ ရောက်ရှိနေကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး ဦးဗညားခွန်အောင်က ပြောသည်။



news-view-count-icon

9