အစ္စရေးနိုင်ငံသည် မေလ ၈ ရက်တွင် လက်ဘနွန်တောင်ပိုင်း နာဘာတီယာဒေသ ကို လေကြောင်း တိုက်ခိုက်မှု ၁၄ ကြိမ် ပြုလုပ်ခဲ့ကြောင်း လက်ဘနွန်လုံခြုံရေးတာဝန်ရှိသူများက ပြောကြားထားသည်။ အစ္စရေး စစ်ဘက်၏ အဆိုပါလေကြောင်းတိုက်ခိုက်မှုသည် ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း အစ္စရေးနှင့် ဟစ်ဇ်ဘိုလာအကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရယူပြီးနောက်ပိုင်း အစ္စရေးစစ်ဘက်က လက်ဘနွန်၌ ပြုလုပ်ခဲ့သည့် အပြင်းထန်ဆုံးတိုက်ခိုက်မှုများထဲတွင် ပါဝင်ကြောင်း လက်ဘနွန်တာဝန်ရှိသူများ၏အဆိုအရ သိရသည်။ 
May 09 • 10:22 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 10 | 0 | 0 | 0 |


