back

Baidu က တိရစ္ဆာန်အသံများကို လူသားဘာသာစကားသို့ ပြောင်းပေးနိုင်သည့် AI စနစ် မူပိုင်ခွင့်တင်

May 09 • 10:21 AM

breaking-news

မြန်မာ

ပြည်ပ

cover

Baidu က တိရစ္ဆာန်အသံများကို လူသားဘာသာစကားသို့ ပြောင်းပေးနိုင်သည့် AI စနစ် မူပိုင်ခွင့်တင်

တရုတ်နိုင်ငံ၏ အကြီးဆုံး ရှာဖွေရေးအင်ဂျင်ပိုင်ရှင် Baidu သည် တိရစ္ဆာန်အသံများကို လူသားတို့ နားလည်နိုင်သော ဘာသာစကားသို့ ပြောင်းလဲပေးနိုင်သည့် Artificial Intellige...

တရုတ်နိုင်ငံ၏ အကြီးဆုံး ရှာဖွေရေးအင်ဂျင်ပိုင်ရှင် Baidu သည် တိရစ္ဆာန်အသံများကို လူသားတို့ နားလည်နိုင်သော ဘာသာစကားသို့ ပြောင်းလဲပေးနိုင်သည့် Artificial Intelligence (AI) စနစ်တစ်ခုအတွက် မူပိုင်ခွင့်ကို တရုတ်အမျိုးသား ဉာဏပစ္စည်း မူပိုင်ခွင့်စီမံခန့်ခွဲရေးဌာနတွင် တင်ထားကြောင်း သိရသည်။ ယင်းစနစ်သည် တိရစ္ဆာန်များ၏ အသံ၊ ကိုယ်ဟန်အမူအရာ၊ အပြုအမူနှင့် အခြားဇီဝကမ္မဆိုင်ရာ အချက်ပြမှုများ အပါအဝင် ဒေတာများကို စုဆောင်းကာ AI အသုံးပြု၍ တိရစ္ဆာန်၏ စိတ်ခံစားချက်ကို ခွဲခြားသိရှိနိုင်ရန် စီမံဆောင်ရွက်ပေးမည်ဖြစ်သည်။ ထို့နောက် ယင်းစိတ်ခံစားချက်များကို လူသားဘာသာစကားသို့ ပြန်ဆိုပေးမည်ဖြစ်သည်။

news-view-count-icon

14