မြန်မာနေရှင်နယ်လိဂ်-၂ကလပ် Yangon Royals အသင်းဟာ ကင်မရွန်းကွင်းလယ်ကစားသမား ဝမ်ဘာဂျုနီယာကို စာချုပ်ခေါ်ယူခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။ အဆိုပါကစားသမားမှာ-အသက် ၂၇နှစ်အရွယ် ဝမ်ဘာဂျုနီယာဖြစ်ကာ ကင်မရွန်းယူ-၁၇လက်ရွေးစင်ဖြစ်ခဲ့ဖူးပြီး နီပေါလိဂ်မှာ ကစားခဲ့ဖူးသူဖြစ်ကာမြန်မာပြည်တွင်းကလပ်အသင်းတွေဖြစ်တဲ့ ရွှေပြည်သာအက်ဖ်စီ၊ ဒဂုံပေါ့ပ်အသင်းတွေမှာလည်း ကစားခဲ့ဖူးကြောင်း သတင်းထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။



