back

ရှမ်းပြည်နယ်မြောက်ပိုင်းကိုးကန့် ထိန်းချုပ်ဒေသတစ်ချို့မှာ တရုတ်ကြံကုမ္ပဏီတွေ ဝင်ရောက်လာပြီးနောက် ဒေသခံ တောင်သူတွေ အခက်ကြုံနေ

May 09 • 7:51 AM

breaking-news

မြန်မာ

ရှမ်း

breaking-news
cover

ရှမ်းပြည်နယ်မြောက်ပိုင်းကိုးကန့် ထိန်းချုပ်ဒေသတစ်ချို့မှာ တရုတ်ကြံကုမ္ပဏီတွေ ဝင်ရောက်လာပြီးနောက် ဒေသခံ တောင်သူတွေ အခက်ကြုံနေ

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နယ်မြေ တချို့မှာ တရုတ်ကြံကုမ္ပဏီတွေ ဝင်ရောက်လာပြီးနောက် ဒေသခံ ရွှေ့ပြောင်းတောင်ယာ လုပ်သူတွေ အခက်ကြုံနေ ကြရကြောင်း ဒေသခံတွေဆီက သိရပါတ...

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နယ်မြေ တချို့မှာ တရုတ်ကြံကုမ္ပဏီတွေ ဝင်ရောက်လာပြီးနောက် ဒေသခံ ရွှေ့ပြောင်းတောင်ယာ လုပ်သူတွေ အခက်ကြုံနေ ကြရကြောင်း ဒေသခံတွေဆီက သိရပါတယ်။ လက်ရှိ ကြံ စိုက်တဲ့ နည်းစနစ်က မြေကို အလွတ်မထားပဲ ဓာတ်မြေဩဇာ ထိုးပြီး အရင်းအနှီး များစွာထည့်ရတဲ့ အပြင် မြေဆီပါ ပျက်သွားရကာနေရာ အတော်များများမှာ တရုတ် နိုင်ငံသား လုပ်ငန်းရှင်တွေရဲ့ ကြံ စိုက်ခင်းတွေ များလာတော့ ကျွဲ၊ နွား တိရစ္တာန် ထိန်းကျောင်း ဖို့ စားကျက်မြေပါ ကျဉ်းသွားသလို လွှတ်ကျောင်းလို့လည်း မရတော့ဘူးလို့ နောက်ထပ် ဒေသခံ တစ်ယောက်က ပြောပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ် - မြန်မာ နယ်စပ် တစ်လျှောက်က ဒေသခံတွေရဲ့ ခြံမြေ၊ ယာ၊ လယ်တွေအများစုမှာ တရုတ်နိုင်ငံသား လုပ်ငန်းရှင်တွေကမြေအပြင် လုပ်သားတွေပါ ငှားရမ်းကာ ကြံတွေ စိုက်ပျိုးစေပြီး ရိတ်သိမ်း ချိန် တရုတ်ဘက် ပြန်လည် သယ်ယူနေတာ ဖြစ်ပါတယ်။


news-view-count-icon

31