back

ပြည်တွင်းရှိ စိန်တစ်လုံးသရက်စိုက် တောင်သူများ ကုန်ထုတ်လမ်းကြောင်း ပျောက်ဆုံးနေ

May 09 • 6:36 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ပြည်တွင်းရှိ စိန်တစ်လုံးသရက်စိုက် တောင်သူများ ကုန်ထုတ်လမ်းကြောင်း ပျောက်ဆုံးနေ

မြန်မာ့စိန်တစ်လုံးသရက်သီးစိုက် တောင်သူတွေအနေနဲ့ လက်ရှိမှာ ကုန်ထုတ်လမ်းကြောင်းပျောက်တဲ့ အနေအထားမျိုးနဲ့ ရင်ဆိုင်နေရကြောင်း မြန်မာ-တရုတ်နယ်စပ် သစ်သီးပို့ကုန်လုပ်င...

မြန်မာ့စိန်တစ်လုံးသရက်သီးစိုက် တောင်သူတွေအနေနဲ့ လက်ရှိမှာ ကုန်ထုတ်လမ်းကြောင်းပျောက်တဲ့ အနေအထားမျိုးနဲ့ ရင်ဆိုင်နေရကြောင်း မြန်မာ-တရုတ်နယ်စပ် သစ်သီးပို့ကုန်လုပ်ငန်းရှင်အသိုင်းအဝိုင်းက ပြောပါတယ်။“ပြည်တွင်းဝယ်လိုအားသည်ပင် ယခုအခြေအနေမှာ ၅၀ ရာခိုင်နှုန်းခန့် လျော့ကျနေသည်။ ပြည်ပ (တရုတ်) တင်ပို့မှုလမ်းကြောင်း ပျောက်နေသော ခက်ခဲလွန်းလှသည့် ကာလပါ”လို့ ပြောပါတယ်။တရုတ်ဈေးကွက်ထံ မြန်မာ့သရက်သီးတင်ပို့မှုအနေနဲ့ အထွက်နှုန်းရဲ့ သုံးပုံနှစ်ပုံခန့်ရှိသောကြောင့် တရုတ်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းကို အဓိကမှီခိုနေရကာလက်ရှိမှာ လမ်းခရီးကြန့်ကြာတဲ့အပြင် ကုန်ကျစရိတ်များတာကြောင့် မိုင်းလား-တာလော့လမ်းကြောင်းကတစ်ဆင့် တင်ပို့ရတာ အဆင်မပြေကာဈေးကွက်တည်နေရာအရ စားသုံးသူများတဲ့ ကူမင်း-မန်စီ-ရွှေလီအထိ တစ်ရက်တာခရီး ရှိသေးတာကြောင့်လည်း သစ်သီးအရည်အသွေးကျပြီး ဈေးကောင်းမရတာလို့ ဆိုပါတယ်။




news-view-count-icon

58