back

ရှမ်းပြည်နယ်အရှေ့ပိုင်းရွှေတူးဖော်မှုများကြောင့် နမ့်ခုတ်မြစ်အတွင်း ငါးများ အနာဖြစ်ပွားနေ

May 09 • 6:35 AM

breaking-news

မြန်မာ

ရှမ်း

breaking-news
cover

ရှမ်းပြည်နယ်အရှေ့ပိုင်းရွှေတူးဖော်မှုများကြောင့် နမ့်ခုတ်မြစ်အတွင်း ငါးများ အနာဖြစ်ပွားနေ

ထိုင်းနိုင်ငံ၊ ချင်းမိုင်နှင့် ချင်းရိုင်ခရိုင်များသို့ ဖြတ်သန်းစီးဆင်းနေသော နမ့်ခုတ်မြစ် (Kok မြစ်)အတွင်း မြန်မာဘက်ခြမ်း၊ ရှမ်းအရှေ့မှ ရွှေမိုင်းများကြောင့် အာ...

ထိုင်းနိုင်ငံ၊ ချင်းမိုင်နှင့် ချင်းရိုင်ခရိုင်များသို့ ဖြတ်သန်းစီးဆင်းနေသော နမ့်ခုတ်မြစ် (Kok မြစ်)အတွင်း မြန်မာဘက်ခြမ်း၊ ရှမ်းအရှေ့မှ ရွှေမိုင်းများကြောင့် အာဆင်းနစ်အက်ဆစ်နှင့်အခြားသော ဓာတ်သတ္တုများစွာ ပျော်ဝင်နေခြင်းကြောင့် ငါးများတွင် အနာများဖြစ်နေပြီး ဖမ်းဆီးရောင်းချမှု၌ ဝယ်ယူသူ နည်းပါးနေခဲ့ပြီဟု ရှင်သန်နေသော ရှမ်းမြစ်အသင်း( Living River Siam Association ) ဥက္ကဌ Somkiat Kuenchiangsa က ပြောပါတယ်။မတ် ၃၁ ရက်နှင့် ဧပြီ ၁ ရက်နေ့က ဓာတ်ခွဲခန်းတွင် ရေအရည်အသွေးစမ်းသပ်စစ်ဆေးရာ ပျော်ဝင်နေ သည့် အာဆင်းနစ်အက်ဆစ်ဓာတ်သည် ဘေးကင်းလုံခြုံမှုအဆင့်ထက် ၁၉ ဆ ကျော် များပြားနေခြင်းကြောင့် နမ့်ခုတ်မြစ်အတွင်း ရေများကို အသုံးမပြုသင့်ဟု အကြံပြုထားရာ တံငါသည်များကမူ မြစ်အတွင်း ဆက်လက် ငါးဖမ်းနေကြရာ၌ အနာများနှင့် ငါးများစွာကို ဖမ်းမိနေပြီး ဝယ်ယူမှု ရှားပါးသော ပြဿနာနှင့်ရင်ဆိုင်နေရကာထိုမြစ်အတွင်းမှ ငါးများကို စမ်းသပ်စစ်ဆေးမှုတွင် ဘေးကင်းခြင်းအဆင့်ဖြစ်သော 2mg/kg အောက် 0.13 mg/kg သာပါဝင်သော်လည်း အနာများဖြစ်နေသည့် ငါးများစွာတွေ့ရှိရခြင်းကြောင့် ဝယ်ယူမှုများ နည်းပါးလွန်းပါတယ်။


news-view-count-icon

24