မြန်မာ့လိဂ် ရှုံးပွဲမရှိ ချန်ပီယံ ရှမ်းယူနိုက်တက်ဟာ ဒီနှစ်ဘောလုံးရာသီသစ်အတွက် အမေရိကန် မေဂျာလိဂ်မှ တိုက်စစ်မှူး ဂျော်ဒန်ဟာမီလ်တန်ကို ခေါ်ယူလိုက်ပြီးအသက် ၂၉ နှစ်အရွယ် ဂျော်ဒန်ဟာမီလ်တန်ဟာ ကနေဒါ- ဂျမေကာဖွား ကစားသမားတစ်ဦး ဖြစ်ပြီး အမေရိကန် မေဂျာလိဂ်ကလပ် Toronto FC အသင်းမှာ ကစားသမားဘဝစတင်ခဲ့ကာ USLC နှင့် MSL လိဂ်တွေမှာ အတွေ့အကြုံရှိခဲ့တဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။ရှမ်းယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ဂျပန်နောက်ခံလူ အိုင်ဇူနဲ့ စပိန်လူမျိုးကြံ့ခိုင်ရေး နည်းပြတစ်ဦးကိုလည်း ခန့်အပ်ထားပါတယ်။



