back

အင်ဒိုနီးရှားတွင် ပုဂ္ဂလိကလုပ်ငန်းများအား လျှပ်စစ်ကားအားသွင်းစခန်းများ တည်ထောင်ခွင့်ပြုရန် စည်းမျဉ်းများကို ပြန်လည်ပြင်ဆင်နေ

May 08 • 7:45 AM

breaking-news

မြန်မာ

ပြည်ပ

cover

အင်ဒိုနီးရှားတွင် ပုဂ္ဂလိကလုပ်ငန်းများအား လျှပ်စစ်ကားအားသွင်းစခန်းများ တည်ထောင်ခွင့်ပြုရန် စည်းမျဉ်းများကို ပြန်လည်ပြင်ဆင်နေ

အင်ဒိုနီးရှား ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးနှင့် ရင်းနှီးမြှုပ်နှံမှု ညှိနှိုင်းရေးဘုတ်အဖွဲ့ (BKPM) အကြီးအကဲ Rosan Roeslani က အင်ဒိုနီးရှားတွင် ပုဂ္ဂလိကလုပ်ငန်းမ...

အင်ဒိုနီးရှား ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးနှင့် ရင်းနှီးမြှုပ်နှံမှု ညှိနှိုင်းရေးဘုတ်အဖွဲ့ (BKPM) အကြီးအကဲ Rosan Roeslani က အင်ဒိုနီးရှားတွင် ပုဂ္ဂလိကလုပ်ငန်းများအား လျှပ်စစ်ကားအားသွင်းစခန်းများ တည်ထောင်ခွင့်ပြုရန် စည်းမျဉ်းများကို ပြန်လည်ပြင်ဆင်နေကြောင်း အသိပေးပြောကြားသည်။ဝန်ကြီး၏ ပြောကြားချက်အရ လျှပ်စစ်ကားထုတ်လုပ်ရေး လုပ်ငန်း ၇ ခုတို့သည် အင်ဒိုနီးရှားတွင် ၎င်းတို့၏ စက်ရုံများကို ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း တည်ဆောက်ခဲ့ကြသည်။၂၀၃၀ ခုနှစ်တွင် တစ်နှစ်လျှင် လျှပ်စစ်ကား ၂.၆ သန်း ထုတ်လုပ်ရန် ရည်မှန်းထားသည်။၎င်းရည်မှန်းချက်အတွက် အီးဗီအားသွင်းရန် နေရာများ အလုံအလောက် ရှိနေရန် လိုအပ်သည်။သို့ဖြစ်ရာ ပုဂ္ဂလိကလုပ်ငန်းများအား အီးဗီအားသွင်းစခန်းများ လုပ်ကိုင်ခွင့် ပေးမည် ဖြစ်သည်။


news-view-count-icon

21