back

ဗီဇာကင်းလွတ်ခွင့်ကြောင့် မလေးရှား SME လုပ်ငန်းများ စိုးရိမ်နေ

May 08 • 7:38 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဗီဇာကင်းလွတ်ခွင့်ကြောင့် မလေးရှား SME လုပ်ငန်းများ စိုးရိမ်နေ

မလေးရှားနဲ့တရုတ် နှစ်ဦးနှစ်ဖက်အပြန်အလှန် ရက် ၃၀ ကနေ ရက် ၉၀ အထိ ဗီဇာကင်းလွတ်ခွင့် တိုးမြှင့်မယ့်အစီအစဉ်ကြောင့် မလေးရှား အသေးစားစီးပွားရေးလုပ်ငန်းတွေ စိုးရိမ်နေကြ...

မလေးရှားနဲ့တရုတ် နှစ်ဦးနှစ်ဖက်အပြန်အလှန် ရက် ၃၀ ကနေ ရက် ၉၀ အထိ ဗီဇာကင်းလွတ်ခွင့် တိုးမြှင့်မယ့်အစီအစဉ်ကြောင့် မလေးရှား အသေးစားစီးပွားရေးလုပ်ငန်းတွေ စိုးရိမ်နေကြကြောင်း သိရပါတယ်။ ဒီလို ဗီဇာကင်းလွတ်ခွင့် တိုးမြှင့်မယ့်အစီအစဉ်ကြောင့် သမိုင်းဝင်နေရာဖြစ်တဲ့ မလက္ကာကို နိုင်ငံတကာခရီးသွားတွေ စုပြုံ ရောက်လာတော့မှာ ဖြစ်ပါတယ်။ ဒါကို အသေးစားလုပ်ငန်းပိုင်ရှင်တွေဖြစ်တဲ့ ဒေသတွင်း ဓာတ်ပုံစတူဒီယိုပိုင်ရှင်တွေက သဘောမကျ ဖြစ်နေကြတာပါ။ နိုင်ငံရဲ့အထင်ကရနေရာတွေကို ပြည်မကြီးက တရုတ်လူမျိုးတွေ စုပြုံရောက်လာမှာကြောင့် တရားမဝင် အလုပ်လုပ်တဲ့လူတွေ ရှိလာပြီး အသက်မွေးဝမ်းကျောင်းထိခိုက်မှာကို မလေးရှား အသေးစားလုပ်ငန်းရှင် အများစုလိုပဲ ဒေသတွင်း ဓာတ်ပုံစတူဒီယိုပိုင်ရှင်တွေကလည်း စိုးရိမ်နေကြတာဖြစ်ပါတယ်။


news-view-count-icon

25